အလင်းရောင်အောက်ကဆီမီးခွက်မှနွေးထွေးမှုအပြည့်နဲ့ လှိုက်လှဲစွာကြိုဆိုပါတယ်

Tuesday, October 20, 2009

စိတ်ကူးယာဉ်တတ်တဲ့ကောင်မလေး

တို့အနေနဲ့ပြောရရင် စိတ်ကူးယာဉ်ခြင်းဆိုတာ ဘ၀ရဲ့တက်လှမ်းတစ်ခုလိုပဲထင်တယ်။ ဒါပေမဲ့စိတ်ကူးပဲ ယာဉ် နေတတ်သူတွေ အတွက်ကတော့ အချိန်ကုန်တာပဲအဖတ်တင်တာလေ။ စိတ်ကူးယာဉ်တာပျော်စရာလေးပါ။ စိတ်ကူးနဲ့ဆွေးမနေပဲ စိတ်ကူးကိုအကောင်အထည်ဖော်တာပိုကောင်းတယ်။တို့ လည်းစိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတာ ပြန်တွေးရင်စိတ်နာမိတယ်။ တို့ယာဉ်တဲ့စိတ်ကူး ကို မအောင်မြင်ခြင်းကဖမ်းစားလိုက်တယ်(တစ်ခါကပေါ့) ။စိတ်ကူး ဖူးတဲ့ အရာတစ်ခု ကဘယ် တော့မှမေ့လို့မရဘူး။ မေ့ရအရမ်းခက်တာ။ ဒါပေမဲ့ကျိတ်ပြီးမေ့လိုက်တယ်။ ဒါပေမဲ့မကျေနပ်ဘူး။ အားတင်း ပြီး စိတ်ကူးအသစ်ကိုအကောင်ထည်ဖော်ကြည့်မိတယ်။ဒီလိုနဲ့ ဘ၀မှာ မမျှော် လင့်မိတဲ့ အပျော်တွေရရှိခဲ့ဖူးတယ်။ လူတွေကစိတ်ကူးထဲမှာမျောနေတတ်တယ်။ စိတ်ကူးဆိုတာ စိတ်နဲ့ကူး ပြောင်း တာ ။အာရုံတွေပါကူးသွားတတ်တယ်။ တို့လိုစိတ်ကူးရူးခဲ့ဖူးသူရှိမှာပါ။ ဆွေးနေမဲ့အစား လက်တွေ့ယာဉ် လိုက်ပါ။ ။ အဖြေတစ်ခုတို့ကိုကြိုနေမှာ။

Friday, October 9, 2009

အလှဖျက်

အရင်ကသိပ်လှတဲ့တို့ရွာ
ကြည့်မိတိုင်းမ၀နိုင်
စိမ်းလန်းဆိုပြေ သစ်တောဖုံးလွှမ်း
ပျော်စရာကောင်းသည်
ယခုကြည့်ပြန်တော့
ရင်မောဖွယ်ရာ
တောင်ကတုံးများဝန်းရံ
တကယ့်တကယ်
စိတ်ပျက်စရာ တွေးမိတိုင်းရင်မော
အ၇င်လိုပြန်လိုချင်တယ်
လှပလွန်းတဲ့ငါ့ရွာ

Tuesday, October 6, 2009

ဒီဆောင်း

ချမ်းအေးလွန်းတဲ့ဆောင်းရာသီ
တစ်ခေါက်ပြန်ရောက်လာတော့မယ်
နှင်းတွေတဖွဲဖွဲကျတဲ့အချိန်
တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး
အတူလမ်းလျှောက်မယ်
နင်ပြန်လာပါတော့
ဆောင်းရာသီနံနက်ခင်း
နင်ရယ်ငါရယ်

Monday, October 5, 2009

အော်...............

တစ်ခါတုန်ြး်မို့တစ်မြို့မှာတော်တော်ပြောင်တတ်တဲ့ကောင်လေးတစ်စုရှိသတဲ့။ သူတို့အားလုံးမှာ တူတဲ့ အချက်တစ်ချက်ရှိတယ်တဲ့။ သူတို့အားလုံး အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်ကြဘူးတဲ့။ တနေ့နိုင်ငံခြားသားတစုနဲ့ တွေ့တတဲ့။ ဒါနဲ့ဆိုင်ထဲမှာ ထမင်းအတူတူသွားစားကြသတဲ့။ နိုင်ငံခြားခရီးသည်ထဲက ကောင်မလေးတစ်ယောက်က အိမ်သာ တက်ချင်လာ သတဲ့။ ဒါပေမဲ့သူပြောရမှာရှက်သတဲ့။ နောက်ဆုံးသူမအောက်နိုင်တော့မေးလိုက်သတဲ့။ ကောင်မ လေးက“where is john? ” လို့မေးသတဲ့။ ကောင်းလေးတွေနားလည်လိုက်တာက john ဘယ်နေရာမှာရှိသလဲပေါ့။ john ဆိုတဲ့လူကထမင်းဆိုင်ပိုင်ရှင် လူပျိုကြီးတဲ့။ ဒါနဲ့ကောင်မလေးကိုjohn ဆီခေါ်သွားလိုက်သတဲ့။ ကောင်မလေးလည်းဘာမှမသိပဲလိုက်သွားသတဲ့။ ဆိုင်ပိုင်ရှင်ဆိုတော့သဌေးလေ။ အိမ်အခန်းထဲခေါ်သွားသတဲ့။ john ကလည်းနိုင်ငံခြားကကောင်မလေးငါ့ဆီလာ လည်တာ ငါကောင်းကောင်းဧည့်ခံပေးလိုက်မယ်ဆိုပြီးဧည့်ခန်းမှာထိုင်ခိုင်းသတဲ့။ စားစရာတွေသွားယူသတဲ့။ သူကိုယ်တိုင်ဧည့်ခံချင်လို့ပေါ့။ ကောင်မလေးကလည်းအိမ်သာတက်မဲ့နေရာလိုက်ရှာသတဲ့။ ကောင်မလေးက ထိန်းမရတော့လို့ ငိုချလိုက်သတဲ့။ john ကလည်းဘာမှမသိတော့ အော်လိုက်သတဲ့။ “ကျွန်တော်ဘာမှမလုပ်ဘူးနော် ။ သူ့ဘာသာသူငိုတာတဲ့။ ” ကောင်းမလေးကရှင်းပြလိုက်သတဲ့။ အိမ်လာတက်ချင်တဲ့အကြောင်းပေါ့။ ပုံပြင်လေးကတော့ဒါပါပဲ။

Wednesday, September 30, 2009

လူမျိုးကြီးများထဲကမဟုတ်တဲ့ကျွန်တော်

ကျွန်မအမည်ကမွန်ဒေးပါ (အာခါ) ။ အာခါလူမျိုးပါ။ လွန်ခဲ့နှစ်ပေါင်းများမှာအာခါလူမျိုးကိုလူတွေမသိခဲ့ဘူး ။ အာခါဆိုတာစားစရာလားလို့မေးတယ်။ အာခါဆိုတာစားစရာမဟုတ်ပါဘူး။

Template by : kendhin x-template.blogspot.com