တို့အနေနဲ့ပြောရရင် စိတ်ကူးယာဉ်ခြင်းဆိုတာ ဘ၀ရဲ့တက်လှမ်းတစ်ခုလိုပဲထင်တယ်။ ဒါပေမဲ့စိတ်ကူးပဲ ယာဉ် နေတတ်သူတွေ အတွက်ကတော့ အချိန်ကုန်တာပဲအဖတ်တင်တာလေ။ စိတ်ကူးယာဉ်တာပျော်စရာလေးပါ။ စိတ်ကူးနဲ့ဆွေးမနေပဲ စိတ်ကူးကိုအကောင်အထည်ဖော်တာပိုကောင်းတယ်။တို့ လည်းစိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတာ ပြန်တွေးရင်စိတ်နာမိတယ်။ တို့ယာဉ်တဲ့စိတ်ကူး ကို မအောင်မြင်ခြင်းကဖမ်းစားလိုက်တယ်(တစ်ခါကပေါ့) ။စိတ်ကူး ဖူးတဲ့ အရာတစ်ခု ကဘယ် တော့မှမေ့လို့မရဘူး။ မေ့ရအရမ်းခက်တာ။ ဒါပေမဲ့ကျိတ်ပြီးမေ့လိုက်တယ်။ ဒါပေမဲ့မကျေနပ်ဘူး။ အားတင်း ပြီး စိတ်ကူးအသစ်ကိုအကောင်ထည်ဖော်ကြည့်မိတယ်။ဒီလိုနဲ့ ဘ၀မှာ မမျှော် လင့်မိတဲ့ အပျော်တွေရရှိခဲ့ဖူးတယ်။ လူတွေကစိတ်ကူးထဲမှာမျောနေတတ်တယ်။ စိတ်ကူးဆိုတာ စိတ်နဲ့ကူး ပြောင်း တာ ။အာရုံတွေပါကူးသွားတတ်တယ်။ တို့လိုစိတ်ကူးရူးခဲ့ဖူးသူရှိမှာပါ။ ဆွေးနေမဲ့အစား လက်တွေ့ယာဉ် လိုက်ပါ။ ။ အဖြေတစ်ခုတို့ကိုကြိုနေမှာ။
Search This Blog
online ရှိနေတဲ့သူ
နှုတ်ဆက်စကားလေးမျှော်နေသူအတွက်
လာလည်သောနိုင်ငံများ
Tuesday, October 20, 2009
Friday, October 9, 2009
အလှဖျက်
အရင်ကသိပ်လှတဲ့တို့ရွာ
ကြည့်မိတိုင်းမ၀နိုင်
စိမ်းလန်းဆိုပြေ သစ်တောဖုံးလွှမ်း
ပျော်စရာကောင်းသည်
ယခုကြည့်ပြန်တော့
ရင်မောဖွယ်ရာ
တောင်ကတုံးများဝန်းရံ
တကယ့်တကယ်
စိတ်ပျက်စရာ တွေးမိတိုင်းရင်မော
အ၇င်လိုပြန်လိုချင်တယ်
လှပလွန်းတဲ့ငါ့ရွာ
Posted by Linn............... မိုး at 11:20 PM 0 comments
Labels: လိုအပ်ချက်
Tuesday, October 6, 2009
ဒီဆောင်း
ချမ်းအေးလွန်းတဲ့ဆောင်းရာသီ
တစ်ခေါက်ပြန်ရောက်လာတော့မယ်
နှင်းတွေတဖွဲဖွဲကျတဲ့အချိန်
တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး
အတူလမ်းလျှောက်မယ်
နင်ပြန်လာပါတော့
ဆောင်းရာသီနံနက်ခင်း
နင်ရယ်ငါရယ်
Posted by Linn............... မိုး at 9:46 PM 0 comments
Labels: ကဗျာ
Monday, October 5, 2009
အော်...............
တစ်ခါတုန်ြး်မို့တစ်မြို့မှာတော်တော်ပြောင်တတ်တဲ့ကောင်လေးတစ်စုရှိသတဲ့။ သူတို့အားလုံးမှာ တူတဲ့ အချက်တစ်ချက်ရှိတယ်တဲ့။ သူတို့အားလုံး အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်ကြဘူးတဲ့။ တနေ့နိုင်ငံခြားသားတစုနဲ့ တွေ့တတဲ့။ ဒါနဲ့ဆိုင်ထဲမှာ ထမင်းအတူတူသွားစားကြသတဲ့။ နိုင်ငံခြားခရီးသည်ထဲက ကောင်မလေးတစ်ယောက်က အိမ်သာ တက်ချင်လာ သတဲ့။ ဒါပေမဲ့သူပြောရမှာရှက်သတဲ့။ နောက်ဆုံးသူမအောက်နိုင်တော့မေးလိုက်သတဲ့။ ကောင်မ လေးက“where is john? ” လို့မေးသတဲ့။ ကောင်းလေးတွေနားလည်လိုက်တာက john ဘယ်နေရာမှာရှိသလဲပေါ့။ john ဆိုတဲ့လူကထမင်းဆိုင်ပိုင်ရှင် လူပျိုကြီးတဲ့။ ဒါနဲ့ကောင်မလေးကိုjohn ဆီခေါ်သွားလိုက်သတဲ့။ ကောင်မလေးလည်းဘာမှမသိပဲလိုက်သွားသတဲ့။ ဆိုင်ပိုင်ရှင်ဆိုတော့သဌေးလေ။ အိမ်အခန်းထဲခေါ်သွားသတဲ့။ john ကလည်းနိုင်ငံခြားကကောင်မလေးငါ့ဆီလာ လည်တာ ငါကောင်းကောင်းဧည့်ခံပေးလိုက်မယ်ဆိုပြီးဧည့်ခန်းမှာထိုင်ခိုင်းသတဲ့။ စားစရာတွေသွားယူသတဲ့။ သူကိုယ်တိုင်ဧည့်ခံချင်လို့ပေါ့။ ကောင်မလေးကလည်းအိမ်သာတက်မဲ့နေရာလိုက်ရှာသတဲ့။ ကောင်မလေးက ထိန်းမရတော့လို့ ငိုချလိုက်သတဲ့။ john ကလည်းဘာမှမသိတော့ အော်လိုက်သတဲ့။ “ကျွန်တော်ဘာမှမလုပ်ဘူးနော် ။ သူ့ဘာသာသူငိုတာတဲ့။ ” ကောင်းမလေးကရှင်းပြလိုက်သတဲ့။ အိမ်လာတက်ချင်တဲ့အကြောင်းပေါ့။ ပုံပြင်လေးကတော့ဒါပါပဲ။
Posted by Linn............... မိုး at 11:27 PM 0 comments
Labels: ပုံပြင်
Wednesday, September 30, 2009
လူမျိုးကြီးများထဲကမဟုတ်တဲ့ကျွန်တော်
ကျွန်မအမည်ကမွန်ဒေးပါ (အာခါ) ။ အာခါလူမျိုးပါ။ လွန်ခဲ့နှစ်ပေါင်းများမှာအာခါလူမျိုးကိုလူတွေမသိခဲ့ဘူး ။ အာခါဆိုတာစားစရာလားလို့မေးတယ်။ အာခါဆိုတာစားစရာမဟုတ်ပါဘူး။
Posted by Linn............... မိုး at 10:05 PM 0 comments
Labels: aqkaq
ဟေ what
နှစ်တွေပြောင်းလို့
ရက်တွေဟောင်းနွမ်း
အတိတ်တွေကြွေလို့
ဘ၀တွေလွမ်းဆွေး
ရှေ့ဆက်ရန်ရှိသည်
မျှော်လင့်ခြင်းမဲ့
မေ့ပျောက်ဖို့ခက်
နှလုံးသားကဒဏ်ရာ
အမြဲထိုးစိုက်နေ
နှလုံးသားကမြားတစ်စင်းလား
Posted by Linn............... မိုး at 9:32 PM 0 comments
Labels: ကဗျာ
ဘ၀နဲ့ငါ
အချစ်အချစ်နဲ့ကြွေးကျော်
အမုန်းတွေကသောင်းကျန်း
မကျေနပ်မှုတွေကဆနပြ
ဘ၀တွေကမတိုက်ဆိုင်
ဒီလိုနဲ့ တို့တတွေဝေးသွားရတော့မှာ
အချိန်ရယ်နေရာရယ်
နင်ရယ် ငါရယ်တစ်နေရာဆီဝေး
ဒါကဘာသဘောလဲ
Posted by Linn............... မိုး at 8:15 PM 0 comments
Labels: ကဗျာ
Tuesday, September 29, 2009
Posted by Linn............... မိုး at 10:53 PM 0 comments
Labels: photos
နင်ရယ် ငါရယ် ချစ်တတ်တဲ့နှလုံးသားရယ် ဟိုတစ်ချိန်ကပေါ့ သိပ်ပျော်စရာဘ၀လေး
အခုတော့ ငါရယ် အချစ်ပျောက်ကိုရှာတဲ့ နှလုံးသားရယ်
Posted by Linn............... မိုး at 10:04 PM 0 comments
Labels: photos
Posted by Linn............... မိုး at 9:33 PM 0 comments
Labels: photos
ပြုံးနေစေချင်တယ် ပြုံပေးပါ (တစ်လောကလုံး)
ကျွန်တော်လူတွေဆီကအမြဲမျှော်လင့်တတ်တဲ့အရာတစ်ခုရှိတယ် ဒါပေမဲ့လူတစ်ချို့ကကျွန်တော်လိုတဲ့အရာကိုမပေးနိုင်ကြဘူး ကျွန်တော်ထင်တယ် အဲဒီလူတွေက တော်တော်ကပ်ဆေးနဲတယ်ထင်တယ် သူတို့ခင်များသနားစရာကောင်းလိုက်တာ
ကျွန်တော်လိုချင်တာက အပြုံလေးပါ
ပြုံးဖို့တောင်ဝန်လေးကြတဲ့သူတွေရယ် လောကကြီးကိုဘယ်လိုအလှဆင်မလဲ
ကျေးဇူးပြုပြီး ကျွန်တော်နဲ့တွေ့ရင်ပြုံးပေးပါနော်
အပြုံးကလူတွေကိုစိတ်ချမ်းသာမှုပေးတယ် တလောကလုံးပြုံးနိုင်ကြပါစေ
ကျွန်လည်းပြုံးတတ်တယ် မင်းတို့လည်းပြုံးကြပါ
Posted by Linn............... မိုး at 9:02 PM 0 comments
Labels: လိုအပ်ချက်
နွေရယ်ငါရယ်
အပြာရောင်နောက်ခံအောက်
ဥသြငှက် တွန်သံနဲ့
သစ်ရွက်ကြွေသံလေးတွေရယ်
မထင်မှတ်ဘဲ ကြားလိုက်ချိန်မှာ
အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာက
ကြေကွဲမျက်ရည်တွေ
ကိုယ့်အကြည့်တွေတိုင်းမှာ ထင်ကျန်နေတယ်
အတိတ်ရယ် ယခုဘ၀ရယ်
ပေါင်းစပ်ချင်တယ် အတိတ်ကိုပြန်တမ်းတမိတယ်
ဆုံနိုင်ခွင့်ရှိရင် ဆုံချင်သေးတယ်
နွေရာသီရယ် လွမ်းတတ်တဲ့စိတ်ကိုမှဆွပါနဲ့
ဒီဘ၀နဲ့ကျေပါရစေ
Posted by Linn............... မိုး at 8:34 PM 0 comments
Labels: ကဗျာ
မျှော်နေရင်း
မျှော်သာမျှော်ရင်း ပေါ်မလာသူကို
ရင်မနာပဲနဲ့ ကြင်နာဆဲမို့
သူမလာရင်လည်း
သူ့သတင်းများကြား
နှလုံးသားအပ်နှင်း
ရင်နစ်အောင်ချစ်နေသူမို့
ရာစုအဆက်ဆက်မျှော်နေပါ့မယ်
Posted by Linn............... မိုး at 8:19 PM 0 comments
Labels: ကဗျာ
တောင်းနေတယ် အစာကျွေးပေးကျပါ
ခင်မင်ချင်သူများ၊ တို့Email နော်
Followers
ရေးထားတာလေးတွေ
-
▼
2009
(25)
-
►
September
(19)
- လူမျိုးကြီးများထဲကမဟုတ်တဲ့ကျွန်တော်
- တို့မမ
- ဟေ what
- ရှုးနေပြီ
- love
- ဘ၀နဲ့ငါ
- ငါ့သူငယ်ချင်း
- No title
- No title
- ပျော်တယ် နင်
- ကျွန်တော်ကကလေးတွေကို သိပ်ချစ်တာ
- ဟေး ဟေး ဟေး ဟီး ဟီး ဟီး ...
- I love you . You know ?
- ချစ်စရာ ရှုပ်မဲ့ထားတာ
- နင်ရယ် ငါရယ် ချစ်တတ်တဲ့နှလုံးသာ...
- အပြုံးရောင်သန်းနေတဲ့မျက်ဝန်းလေး
- ပြုံးနေစေချင်တယ် ပြုံပေးပါ (တစ်လောကလုံး)
- နွေရယ်ငါရယ်
- မျှော်နေရင်း
-
►
September
(19)
မိုး
- Linn............... မိုး
- တာချီလိတ်, ရှမ်းပြည်, Myanmar (Burma)
-ိတို့ကကျောင်းသူတစ်ဦးပါ (ယခုပေါ့နော်) ပြီးတော့သူငယ်ချင်းတွေကိုလည်းခင်တတ်တယ်။ အောင်မြင်တဲ့ ကောင်မလေးတစ်ဦးဖြစ်ချင်တယ်။
ခံစားပေးပါ
my friendships For all
-
-
-
-
-
-
-
လျှို့ဝှက်ပန်း12 years ago
-
-
-
-
-
-
-
-
-
-