အလင်းရောင်အောက်ကဆီမီးခွက်မှနွေးထွေးမှုအပြည့်နဲ့ လှိုက်လှဲစွာကြိုဆိုပါတယ်

Tuesday, September 29, 2009

နွေရယ်ငါရယ်

နွေရာသီ နံနက်ခင်း
အပြာရောင်နောက်ခံအောက်
ဥသြငှက် တွန်သံနဲ့
သစ်ရွက်ကြွေသံလေးတွေရယ်
မထင်မှတ်ဘဲ ကြားလိုက်ချိန်မှာ
အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာက
ကြေကွဲမျက်ရည်တွေ
အလိုလိုစီးဆင်းလာတယ်
အတိတ်ကပုံရိပ်ဟောင်တွေ
ကိုယ့်အကြည့်တွေတိုင်းမှာ ထင်ကျန်နေတယ်
အတိတရယ် ယခုဘ၀ရယ်
ပေါင်းစပ်ချင်တယ် အတိတ်ကိုပြန်တမ်းတမိတယ်
ဆုံနိုင်ခွင့်ရှိရင် ဆုံချင်သေးတယ်
နွေရာသီရယ် လွမ်းတတ်တဲ့စိတ်ကိုမှဆွပါနဲ့
ဒီဘ၀နဲ့ကျေပါရစေ

0 comments:

Template by : kendhin x-template.blogspot.com